Friday, September 28, 2012

သင့်ကို တကယ် အလေးအနက်ထားသူဟာ...

သင့်ကို တကယ် အလေးအနက်ထားသူဟာ...
သင်နဲ့ စကားပြောတဲ့အခါ...

ဝတ္တရားကျေရုံ မပြောဘူး....

သင့်ကို တကယ် အလေးအနက်ထားသူဟာ...

သင်နဲ့ တွေ့ဆုံတဲ့အခါ...

ပြောစရာ စကားကို မရမက ရှာပြီး... စိတ်ဝင်စားအောင် ပြောတတ်တယ်....

သင့်ကို တကယ် အလေးအနက်ထားသူဟာ...

သင် ချမ်းတဲ့အခါ...

ချက်ချင်းပဲ အလျင်အမြန် သူ့အနွေးထည်ကို ချွတ်ပေးပြီး သင့်ကို ၀တ်ပေးတယ်...

သူ့မှာတော့ မချမ်းတဲ့ အမူအရာနဲ့ပေါ့...

သင့်ကို တကယ် အလေးအနက်ထားသူဟာ...

သင့်ဆီက ဘာ သတင်းမှ မကြားရတဲ့အခါ....

သင့်ကို မရမက ဖုန်းဆက်ပြီး မေးလေ့ရှိတယ်...

သင့်ကို တကယ် အလေးအနက်ထားသူဟာ...

သင် နေမကောင်းတဲ့အခါ...

သင့်ကို စိတ်ပူပန်ပြီး... အမြဲနှစ်သိမ့်အားပေးတတ်တယ်...

သင့်ကို တကယ် အလေးအနက်ထားသူဟာ...

သူမဟုတ်တဲ့ တခြား တစ်ယောက်နဲ့  အနေနီးစပ်လွန်းတဲ့အခါ...

သ၀န်တိုပြီး ကလေးတစ်ယောက်လို ဒေါသဖြစ်နေတတ်တယ်...

သင့်ကို တကယ် အလေးအနက်ထားသူဟာ...

သင်နဲ့ စိတ်ဆိုးတဲ့အခါ....

သူ့ဘက်က မှားသည်ဖြစ်စေ...မှန်သည်ဖြစ်စေ....

ဒေါသကို လျော့ပြီး သူက အရင် တောင်းပန်လေ့ရှိတယ်...

သင့်ကို တကယ် အလေးအနက်ထားသူဟာ...

သင့်ရှေ့မှာ သူဟာ ကလေးဆန်ဆန် ပြုမူနေထိုင်တတ်ပေမဲ့...

သူ့စိတ်ထဲမှာတော့... သင့်ကို အမြဲလိုလို ကလေးလို သဘောထားတတ်တယ်....

သင့်ကို တကယ် အလေးအနက်ထားသူဟာ...

သင့်ကို နေ့တိုင်း သတိရနေတတ်တယ်....

စကားလုံးတွေနဲ့ ပြောဆိုခွင့်မရှိသည့်တိုင်... သင့်ကို သတိရကြောင်း တစ်နည်းနည်းနဲ့ ပြသတတ်တယ်....

သင့်ကို တကယ် အလေးအနက်ထားသူဟာ...

သူ ဘာကိစ္စပဲရှိရှိ သင့်ကို အရင်ဆုံးပြောပြတယ်...

ဘာလို့လဲဆိုတော့ သင် ဂရုစိုက်တာကို လိုချင်လို့ပါ....

သင့်ကို တကယ် အလေးအနက်ထားသူဟာ...

လုပ်နိုင်တဲ့ အရာမှန်သမျှကို သင့်အတွက် စိတ်ပါလက်ပါ လုပ်ပေးတတ်တယ်... ဘာကြောင့်လဲ ဆိုတာ မေးလေ့မရှိဘူး....

သင့်ကို တကယ် အလေးအနက်ထားသူဟာ...

သံသယ များတတ်တယ်...

ဒါကလဲ သူ သင့်ကို တကယ်ဂရုစိုက်လို့ပါပဲ....

သင့်ကို အလေးအနက်ထားချစ်တဲ့သူဟာ....

သင့်ကို ဂရုစိုက်ဆုံး သူပါပဲ....

သူက.....

သင့်ရဲ့ ပျော်ရွှင်မှုကို ဂရုစိုက်တယ်...

သင့်ရဲ့ သောကတွေကို အလေးထားတယ်...

သင့်ရဲ့ စိတ်ချမ်းသာမှုတွေကို တန်ဖိုးထားတယ်...

သင့်ရဲ့ မျက်ရည်တွေကို ခြောက်ခမ်းစေတယ်...

သင့်ရဲ့ ဒဏ်ရာတွေကို ကုစားပေးတယ်...

သင့်ရဲ့ စကားလုံးတိုင်းကို အလေးအနက်ထားတယ်...

သင့်ရဲ့ လှုပ်ရှားမှုတိုင်းကို သတိထားမိတယ်...

ပြီးတော့ သူ့ရဲ့ ဒဏ်ရာတွေကို သင် မရိပ်မိ စေဖို့ပေါ့....

အားလုံးနားလည်နိုင်ကျပါစေလို့ဆုတောင်းပေးခဲ့ပါတယ်.................

Thursday, September 27, 2012

မေတ္တာစာထဲက ပလေတို



John Robinsonက အင်္ဂလန်က ဒုက္ခိတတစ်ဦးဖြစ်တယ်။ သူ့မှာ ဘယ်လက်တစ်ဖက်သာရှိပြီး ကုတင်ပေါ်မှာပဲ လဲလျောင်းနေခဲ့ရတယ်။ ညာမျက်လုံးတစ်လုံးသာ အလင်းရခဲ့ပေမယ့် ဂျွန်ဟာ သူ့ကိုယ်သူ အမှောင်ထဲမှာ မပိတ်လှောင်ထားခဲ့ဘူး။ ဘုရားသခင်ပေးသနားတဲ့ တစ်ခုတည်းသော အလင်းမြင်နိုင်တဲ့မျက်လုံးနဲ့ သူစာတွေဖတ်ခဲ့တယ်။ အလင်းအနည်းငယ်သာ ရပေမယ့် မျှော်လင့်ခြင်းတံခါးကို သူအသေပိတ်မထားခဲ့ဘူး။ မရေရာတဲ့ဘဝမှာ မျှော်လင့်ချက်တစ်ခုကို သူစောင့်မျှော်နေခဲ့တယ်။ ဘာကို သူစောင့်မျှော်နေခဲ့သလဲ? ဒုက္ခဆင်းရဲခြင်းတွေ ပြည့်နေတဲ့ သူ့ဘဝအတွက် ဘယ်သူက နှစ်သိမ့်ခြင်းတွေ သယ်ဆောင်လာပေးနိုင်မလဲ?

တစ်နေ့ ဂျွန်သတင်းစာဖတ်နေခိုက် ဆောင်းပါးတစ်ပုဒ်ကို တွေ့လိုက်တယ်။ အဲဒီဆောင်းပါးက ဝေးခေါင်တဲ့ တောင်တန်းတစ်နေရာမှာ နေထိုင်တဲ့ ကောင်မလေးတစ်ယောက်အကြောင်းကို ရေးထားတာဖြစ်တယ်။ ကောင်မလေးနာမည်က မေရီ(၂၉)နှစ်ဖြစ်ပြီး ဂျွန်နဲ့ရွယ်တူဖြစ်တယ်။ မေရီဟာလည်း ဂျွန်လိုပဲ အိပ်ရာပေါ်မှာသာ လဲလျောင်းခွင့်ရခဲ့တဲ့၊ လက်နှစ်ဖက်သာ လှုပ်ရှားနိုင်တဲ့ ဒုက္ခိတမလေးဖြစ်တယ်။

သတင်းစာဖတ်ပြီး ဂျွန်ခံစားသွားရတယ်။ အလင်းမြင်ရတဲ့ ညာမျက်လုံးတစ်ဖက်နဲ့ မေရီအတွက် နှစ်သိမ့်စာတစ်စောင် သူရေးလိုက်တယ်။ စာမှာ "ဘုရားသခင်က ကျွန်တော့်ကို မစွန့်လွတ်ခဲ့ဘူး။ ကျွန်တော့်ကို သေးငယ်တဲ့အလင်းပေးပြီး ကျွန်တော်နဲ့ဘဝတူ သူငယ်ချင်းကို တွေ့မြင်ခွင့်ပေးခဲ့တယ်"

ဂျွန်ကမေရီကို သူရဲ့ "ပျော်ရွှင်တဲ့ ဘဝအကြောင်း"ကို ရေးဖွဲ့ပြခဲ့တယ်။

"ကျွန်တော်မှာ ဘယ်လက်တစ်ဖက်သာရှိလို့ ညာလက်ရဲ့လုယူခြင်း ခံရမှာကို မစိုးရိမ်ရဘူး။ တစ်နေကုန် အိပ်ရာထက်မှာ လဲနေတဲ့အတွက် ကျွန်တော်ဟာ ရှေးဘဝက ပျင်းကြောထူတဲ့လူဖြစ်ပြီး အခုဘဝမှာ အိမ်ထဲအိမ်ပြင် မထွက်နိုင်ဆိုတဲ့ဆုကို တောင်းခဲ့ဟန်တူပါတယ်။ ကျွန်တော်ရဲ့ ပျော်ရွှင်ခြင်းတွေကို သိချင်သေးတယ်ဆိုရင် ကျွန်တော့်ဆီ စာပြန်ပါ" လို့ ရေးလိုက်တယ်။



ဒီလိုမျိုးချစ်သူလေးး)


ကျွန်မမှာ အရပ် ၁၈၀ စင်တီမီတာမြင့်တဲ့ ချစ်သူတစ်ယောက်ရှိတယ်။ ရုပ်ရည်က ကျွန်မကြိုက်တဲ့ ဂျပန်မင်းသား Kimura Takuya နဲ့ တပုံစံတည်း၊ ဂျင်းဘောင်းဘီကြိုက်သူ၊ ကော်ဖီကြိုက်သူ ဘယ်လိုကြည့်ကြည့် မိုက်နေတာပဲ။ ကျွန်မတို့က ကိုယ့်လွတ်လပ်မှုနဲ့ ကိုယ်နေပြီး တစ်ပတ်မှာ တစ်ခါ၊ နှစ်ခါပဲတွေ့ကြတယ်။ ကျွန်မတို့ နှစ်ဦးစလုံး ရည်မှန်းချက် ကိုယ်စီနဲ့ အလုပ်ကြိုးစားကြတယ်။ “As Good as It Gets” ရုပ်ရှင်ထဲက မင်းသား Jack Nicholson က မင်းသမီး Helen Hunt ကို ချီးကျူးသလိုပေါ့။ “မင်းကြောင့် ငါလူကောင်းတစ်ယောက် ပိုဖြစ်ချင်ခဲ့တယ်” ဆိုတဲ့အတိုင်း ကျွန်မတို့ တစ်ဦးအပေါ်တစ်ဦး နားလည်ခဲ့ကြတယ်။ လူကောင်းတွေ ပိုဖြစ်ချင်ခဲ့ကြတယ်။
ဖုန်းထဲက ကျွန်မရဲ့ “ဟလို..” ဆိုတဲ့အသံကို ကြားရုံနဲ့ ကျွန်မ စိတ်ညစ်နေမှန်း သူသိတယ်။ နားလည်ပေးမှုဆိုတာ ဘာလဲ ဆိုတာကို ကျွန်မ စသဘောပေါက်လာတယ်။

တွေ့ဆုံတိုင်း ကျွန်မရဲ့ခေါင်းကို ပွတ်သပ်ပြီး “ဟန်နီ... ဒီတစ်ပတ် လိမ္မာရဲ့လား” ဆိုတဲ့ သူ့အမေးကြောင်း အချစ်ခံရတယ်ဆိုတာ ဘာလဲ ဆိုတာကို ကျွန်မ စသဘောပေါက်လာတယ်။

ဟတ်ချိုးချေတိုင်း ပါးစပ်မပိတ်တတ်တဲ့ ကျွန်မကို “ကိုယ်တို့က လင်မယားအတိုင်းပဲ ပုံစံတူတယ်” လို့ ရီပြီးပြောတတ်တဲ့ သူ့ကြောင့် လွတ်လပ်မှုဆိုတာ ဘာလဲဆိုတာကို ကျွန်မ စသဘောပေါက်လာတယ်။

“ကိုယ်လုပ်လိုက်မယ်” ဆိုတဲ့ သူ့ရဲ့ ဦးဆောင်ချင်မှုကြောင့် ဘယ်လိုဆုံးဖြတ်ချက် ချရင်ကောင်းမလဲ ဆိုတဲ့ ဦးနှောက်စားတဲ့ ကိစ္စတွေကို ကျွန်မတွေးတောစရာ မလိုတော့ဘူး။

“ဆောရီးနော်” ဆိုပြီး သူ့အပြစ်တွေအတွက် ပွေ့ဖက်လာတတ်တဲ့ သူ့ကြောင့် ကျွန်မဆိုးချင်တိုင်း ဆိုးခွင့်ရခဲ့တယ်။

ညအိပ်ရာမ၀င်ခင် ဖုန်းဆက်ပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ဖို့ နှုတ်ဆက်တတ်တဲ့ သူ့ကြောင့် ညအမှောင် ရောက်လာမှာကို ကျွန်မ မကြောက်တော့ဘူး။



Wednesday, September 26, 2012

{ ဆန့်ကျင်ဘက် }




ငါဟာနင့်အတွက်ဆိုရင် ဒီနှုတ်ခမ်းမှာဖြေစရာမလိုတဲ့အဖြေတွေရှိတယ်
ဒီမျတ်ဝန်းမှာ ရှာစရာမလိုတဲ့ကြင်နာခြင်းတွေရှိတယ်
ဒီရင်ဘက်ထဲမှာနင်ပိုင်ဆိုင်တဲ့ ငါ့နှလုံးသားရှိတယ်
ဒီစိတ်ကူးမှာနင်အပိုင်ယူသွားတဲ့ ငါ့စိတ်ကူးတွေရှိတယ်
ဒီအချစ်တွေဟာနင့်တစ်ယောက်ထဲအတွက် သီးသန့်ဖြစ်တယ်!!!
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
နင်ဟာငါ့အတွက်ဆိုရင်............
ဒီနှုတ်ခမ်းတွေဟာ ဖြေစရာမလိုအောင်ရက်စက်လွန်းတယ်
ဒီမျတ်ဝန်းတွေမှာ ငါလိုချင်တဲ့ကြင်နာခြင်းတွေပျောက်ဆုံးနေတယ်
နင့်ရင်ဘက်ထဲမှာ ငါမဟုတ်တဲ့တစ်စုံတစ်ယောက်ရှိတယ်
နင့်စိတ်ကူးတွေမှာငါမပိုင်ဆိုင်တဲ့ စိတ်ကူးတွေရှိတယ်
နင့်အချစ်တွေဟာတစ်စုံတစ်ယောက်အတွက် သီးသန့်ဖြစ်တယ်!!!!

Sw@n L@y

26.9.2012
2:27PM

♥♥♥~~~မင်းထားခဲ့တဲ့နေ့မှစ၍~~~♥♥♥

မင်းထားခဲ့တဲ့နေ့မှစ၍….. ရှင်သန်ခြင်းနဲ့မျှော်လင့်ခြင်း….

တစ်နေရာဆီလွင့်ပြယ်သွားပြီ……. မင်းထားခဲ့တဲ့နေ့မှစ၍….

ရှင်လျှက်နဲ့သေခြင်းအဓိပ္ပာယ်ကိုငါနားလည်လို့….

တဖြေးဖြေးခြင်းငါရူးသွပ်တော့မည်….

မင်းထားခဲ့တဲ့နေ့မှစ၍…… ကြေကွဲခြင်းတွေပဲငါပိုင်ဆိုင်လို့…..

ကြင်နာခြင်းတွေမြေခကုန်ပြီ…. အချစ်ဆိုတာကရော???

ငါတို့နှစ်ဦးကြားအမှတ်တရလား….. မမျှော်လင့်ခြင်တော့ပါဘူး….

ဒါပေမယ့်ငါဟာအစွဲအလမ်းကြီးနေတယ်…… စောင့်မနေသင့်တော့ပါဘူး

ဒါပေမယ့်ငါဟာ….. နင့်အတွက်ဆိုရူးမိုက်နေဆဲ……..

ချစ်မနေသင့်တော့ပါဘူး….. ငါဟာနင့်အတွက်ဆို……

ဆပ်လို့မကုန်တဲ့ဝဋ်ကြွေးတစ်ခုပါပဲ……

ဟိုးခပ်ဝေးဝေးမှာအချစ်နဲ့အိမ်မက်တွေရှင်သန်နေတယ်….

ဒီဘက်ခပ်နီးနီမှာ…. ရက်စက်ခြင်းနဲ့မာနတရားတွေရှိနေတယ်…..

ဆုံမှတ်မတူတဲ့ ဒီအချစ်တွေအတွက်ရင်ကွဲစရာလမ်းကလွဲဘာဆက်ရှိနိုင်ဦးမလဲ ????

{ ချစ်မိသူ }

ဒီညမှာ ကြယ်တွေမရှိဘူး လမင်းလည်းပြေးပုန်းလို့

အမှောင်သက်သက်က အထီးကျန်တဲ့ငါစိတ်ကိုပိုလွမ်းမိနေတယ်...

ငါ့အနားမှာနင်လေမရှိဘူး နေသားမကျသေးတဲ့.....

ငါ့စိတ်ကနင့်အနားပဲအပြေးသွားနေတယ်......

နင်မေ့ထားသလိုငါလည်းပဲ သတိမရချင်ဘူး...

ဒါပေမယ့် အလွမ်းတွေကငါ့အနာဂတ်တွေအထိလိုက်

နှောင့်ယှက်နေပြီ... နင်မချစ်တော့သလို ငါလည်းပဲ......

စွန့်လွတ်လိုက်ချင်တယ် တကယ်တမ်းကျ......

ဒီနှလုံးသားက ခွဲခွာဖို့ကိုအဆင်မပြေနိုင်သေးဘူး......

ချစ်တက်ခဲ့အောင်လည်း သင်ပေးခဲ့တယ်......

သတိရစိတ်တွေလည်းနင်ပေးခဲ့တယ်......

နင်မရှိတဲ့နေ့ ညရက်တွေမှာ သတိမရတက်

အောင်လည်းဖန်ဆင်းခဲ့ပါ... နင်မရှိတဲ့ငါ့ဘ၀တွေမှာ

ပုံမှန်စိတ်နဲ့ဖြစ်ရှိလာအောင်လည်းပြင်ဆင်ပေးခဲ့ပါ...

အသက်ရှုလိုက်တိုင်း ငါ...လွတ်လပ်ချင်တယ်....

နိုးထတဲ့နေ့တိုင်း ငါမေ့ပျောက်ထားချင်တယ်.....

အရာရာကိုမေ့ပျောက်ထားနိုင်ခြင်းတွေနင်ပေးခဲ့ပါ....

Tuesday, September 25, 2012

နောက်ဆုံးအချစ်

ငါနင့်ကိုမလွမ်းတော့တာမဟုတ်ပါဘူး....
နင်ပေးခဲ့တဲ့အမှတ်တရတွေကိုရင်မခုန်တော့တာပါ.....
ငါနင့်ကိုမစောင့်တော့တာမဟုတ်ပါဘူး....
နင်ပေးခဲ့တေဲ့မျှော်လင်းခြင်းတွေသေဆုံးကုန်တာပါ....
ငါနင့်ကိုသ၀န်မတိုတော့တာမဟုတ်ပါဘူး.....
နင်ရှုပ်တဲ့ဇာတ်ရှုပ်တွေကိုရိုးအီသွားတာပါ....
ငါနင့်ကိုဂရုမစိုက်တော့တာမဟုတ်ပါဘူး.......
ငါပေးဆပ်ဖူးတဲ့အချိန်တွေမှာနင်ကမှပြောင်းလဲမသွားတာ......
ငါနင့်ကိုမေ့ပြစ်လိုက်တာမဟုတ်ပါဘူး.....
နင်ဖြစ်စေချင်သလိုကြိုးစားရင်းနဲ့အသားကျသွားတာပါ....
ငါနင့်ကိုလိမ်ညာခဲ့တာမဟုတ်ပါဘူး......
နင်ပေးခဲ့တဲ့သင်ခန်းစာကိုတက်မြောက်ခဲ့တာပါ....
ငါလေနင့်ကိုမချစ်ခဲ့တော့တာမဟုတ်ပါဘူး....
အချစ်မရှိတော့တာပါ....
အချစ်ကမျှော်လင့်ခြင်းနဲ့စိုက်ပျိုးရတယ်ဆိုရင်
သေဆုံးသွားတာဖြစ်နိုင်တယ်......
အချစ်ကကြင်နာခြင်းနဲ့အသက်သွင်းရတယ်ဆိုရင်.....
အေးစက်သွားတာဖြစ်နိုင်တယ်....
အချစ်ကဖြူစင်ခြင်းနဲ့ပေါင်းစပ်ရတာဆိုရင်....
ရွံ့မုန်းသွားတာဖြစ်နိုင်တယ်.....
အချစ်မှာကြင်နာခြင်း ဖြူစင်ခြင်း ယုံကြည်ခြင်းနဲ့…..
ချစ်တက်ခြင်းတွေပေးအပ်ခဲ့ဖို့နင်မေ့လျှော့ခဲ့တာပါ…..